ကနီ ၊ မေ ၆
စစ်တပ်ရိက္ခာသယ်ဆောင်လာသော ရေယာဉ် ၃ စီးကို ဖမ်းဆီးပြီး ရိက္ခာအားလုံး သိမ်းဆည်းလိုက်ကြောင်း နဂါး ညီနောင်အထူးတပ်ဖွဲ့ (DBTF)က သတင်းထုတ်ပြန်သည်။








မုံရွာမြို့မှ ခန္တီးမြို့သို့ ထွက်ခါလာသော ကုန်တင်အမြန်ယာဥ် ၃ စင်းသည် မေလ ၆ ရက်နေ့တွင် ချင်းတွင်းမြစ်ရိုးတစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ် ဆောင် နေစဥ်အတွင်း ကနီမြို့ရှိ စစ်ကောင်စီတပ်အတွက် ရိက္ခာထောက်ပံ့ရန် ရိက္ခာများ သယ်ဆောင်လာကြောင်း တပ်တွင်း တပ်တွင်းဖရဲသီးများက သတင်းပေးပို့လာသည်ကို လက်ခံရရှိခဲ့သည်။
ယင်းအတွက်ကြောင့် DBTFအဖွဲ့နှင့်မဟာမိတ်ညီနောင်အဖွဲ့များက ပူးပေါင်းကာ သွားရောက်ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန် ထားသည်။
BNN