တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့… ရဲတံခွန်တွေ လေကစား ကြွားတလူလူဝေ…
တပ်ဦးဆီ မျှော်လိုက်ပြန်တော့… တံခွန်တွေ အလံတွေ ရဲမာန်ပွားလောက်ပေ… သေပေစေ ရင်ကိုမြေကတုတ် မဆုတ်မတွန့် မရွံ့တဲ့သူတွေ…
သတ္တိပြောင် ထောင်ထောင် မောင်းမောင်း သူရဲကောင်းတို့ လက္ခဏာညီပေ… မြင်းသည်တော်တွေ ခြေသည်တော်တွေ မြင်းခလုတ် ဆင်ခလုတ် ကတုတ်တာဝေ…
အစောင့်အနေ စီမံဗိုလ်ခြေ စစ်ဆင်တွေ တသီတတန်း စစ်စခန်းချရာမြေ။

…တောင်ကညို ပြိုတော့မယ်… မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေဝှေ့လို့ တရွေ့ရွေ့ယူသလေ… … တိမ်ဦးလေပြေ လွမ်းငွေ့တွေဝေ၊ ဖော်မစုံကျွမ်း လွမ်းစိတ်တွေပွေ…
ချစ်တဲ့သူ ဓာတုကလျာဆွေ… လွမ်းရတဲ့ဖြစ်အင် ထင်မြင်မိစေတဲ့ ဘုရားတိုင် စစ်ချီရတုတွေ ရေးလို့…
သြော် ကျေးငှက်ကို စေလိုစေ… ဖြေလည်းငယ် ဖြေပြေပါနိုင်ဘဲ စစ်ထွက်ဆဲ တောင်ငူ ဘုရင်မှာလေ…. လွမ်းစာတွေရွှေပေထက်မှာ တင်ရှာပေ…
Video Crd – Ag Htway