ထီးလင်း၊ ဒီဇင်ဘာ ၄၊ ၂၀၂၁။
ထီးလင်းမြို့တောင်ဘက်မြို့ဝင်ဂိတ်တွင် ပြည်သူတို့၏ ယာဉ်များကိုတားဆီးစစ်ဆေးကာ မတရားအခကြေးငွေတောင်းခံနေသည့် စစ်ကောင်စီအဖွဲ့မှ ရဲသားများအား ဒီဇင်ဘာလ ၃ ရက်နေ့တွင် Yaw Defense Force YDF ထီးလင်းမှစိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း YDF တာဝန်ခံ က ပြောကြားကြောင်း မြေလတ် အသံ ဖေ့ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထုတ်ပြန်ထားပါတယ်။

“ ညနေ ၃ နာရီခန့်အချိန်က ပစ်ခတ်ခဲ့တာပါ၊ စိန်ပြောင်းဖြင့် ပညာပေး ပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ထိခိုက်ကျဆုံးမှုများရှိပါတယ်၊ အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး၊ YDFအဖွဲ့အနေနဲ့စစ်ကောင်စီအဖွဲ့ကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ပါတယ်၊ YDF ရဲဘော်များထိခိုက်မှုမရှိပါဘူး၊ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ထပ်မံပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း ဆောမြို့နယ်နှင့်ကန်ပတ်လက်မြို့နယ် နယ်စပ် အောက်လက်မွန်နှင့်အထက်လက်မွန်ကြားတွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် YDFတို့ ၂ နာရီကြာတိုက်ပွဲဖြစ်ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
မြေလတ်အသံ ၊ BNN