ထီးချိုင့်၊ ဇန်နဝါရီ ၁၆၊ ၂၀၂၂။
ထီးချိုင့်မြို့နယ်အတွင်းမှာ ဇန်နဝါရီလ ၁၅ ရက် မနေ့ကတရက်တည်းမှာပဲ စစ်ကောင်စီတပ်တွေ ၄ ကြိမ်ဆက် တိုက်ခိုက်ခံရပြီး၊ စစ်ကောင်စီဘက်မှ စစ်သား ၂၀ သေဆုံးခဲ့တယ်လို့ Eagles Army–HPDF ဆီက သိရပါတယ်။
အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကား ၃ စီးကို စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါင်းနက်ရွာနဲ့ တုံလုံရွာကြားမှာ မနေ့ကမနက် ၉ နာရီလောက်က ပထမဆုံး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Eagles Army–HPDF ရဲ့ တာဝန်ခံက ပြောပါတယ်။
“ မနေ့ကဖြစ်တာက မိုင်းဆွဲတာက ၁ ကြိမ်၊ အပြန်အလှန်ပစ်ခတ်တာက ၃ ကြိမ် စုစုပေါင်း ၄ ကြိမ်ပေါ့၊ အရင်ဆုံး ပေါင်းနက်နဲ့ တုံလုံရွာကြားမှာ ရှေ့ထွက်မိုင်း ၆ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ ကားတစီးကတော့ စုတ်ပြက်သက်သွားတယ်။ မောင်လို့ကိုမရတော့တာ” လို့ သူက ဆက်ပြောပါတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပြန်ထွက်သွားတဲ့ စစ်သားတွေကို ချိတ်သင်ရွာနဲ့ ကျွန်းတောရွာကြားမှာတကြိမ်၊ ကမ်းနီးရွာနား နဲ့ ရေကျော်တံတားမှာ တကြိမ်စီ စုစုပေါင်း သုံးကြိမ် Eagles Army–HPDF ကထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာကြောင့် တိုက်ပွဲသဘောမျိုးဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ ပက်သက်ပြီး Eagles Army–HPDF ရဲ့ တာဝန်ရှိသူက “ ချိတ်သင်နဲ့ ကျွန်းတောရွာမှာဖြစ်တာက မနက် ၁၁ နာရီ၊ ချိတ်သင်နဲ့ ကမ်းနီကြားမှာက နေ့လည် ၂ နာရီ၊ ကမ်းနီရွာနဲ့ ရေကျော်တံတားမှာကျတော့ ညနေ ၄ နာရီမှာဖြစ်တာ စုစုပေါင်း စစ်သား ၂၀ ကျော်သေတယ်။ အကောင်ကြီး တကောင်ပါ ထိတယ်လို့ သိရတယ်။” လို့ ဆိုပါတယ်။
သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကိုတော့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ၇ မိုင် စစ်ဆေးရုံကို ခေါ်သွားတယ်လို့သိရပြီး၊ အဲ့ဒီတပ်သားတွေထဲက တဝက်ကတော့ ထီချိုင်းမြို့နယ်ထဲက ကြက်တကောင်ရွာကို ဝင်ရောက်ရှာဖွေတာတွေလုပ်နေတယ်လို့ သိရပါတယ်။
MyayLattVoice