ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ယနေ့နံနက် ၅ နာရီ ခွဲ ခန့်က ဒဂုံမြို့သစ်ဆိပ်ကမ်း ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဗုံးလက်နက်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ယင်းပစ်ခတ်မှု ကြောင့် ရဲ ၃ ဦးသေဆုံးသွားကြောင်း PDF ပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူး လမ်းမကြီး ပေါ်ရှိ ဒဂုံဆိပ်ကမ်းရဲစခန်းကို Area 21 ၏ မိတ်ဘက်ညီနောင်များဖြစ်သော မိမိတို့ CGF HTY နှင့် Yangon Federal Army – YFA တို့ ပူးပေါင်းကာ M79 40 mm ဗုံးသီး ၂ လုံး ပစ်ခတ် ခဲ့ပြီး ရဲ ၃ ယောက် သေဆုံးပြီး ထိခိုက်မှု များကြောင်း၊ PDF ရဲဘော်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ထားသည်။
စစ်အာဏာရှင်အား အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း CGF HTY က ထုတ်ပြန်ထားသည်။
BNN/KTN