ပျဉ်းမနား ၊ ဖေဖေါ်ဝါရီ ၁၂
ယနေ့ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ အချိန်က နေပြည်တော် ပျဉ်းမနား မြ၀တီဘဏ်နှင့် ယောက်သွားအင်း အုပ်ချုပ်ရေးမှူးရုံးတို့မှာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားကြောင်း ပျဉ်းမနားAlert က သတင်းထုတ်ပြန်သည်။

အလားတူ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းစဉ့်ကိုင်ထွေ/အုပ်ရုံးကို ဒေသကာကွယ်ရေးအဖွဲက အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ စဉ့်ကိုင်မြိုနယ် ထွေအုပ်ရုံးတွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့်ရဲတို လုံခြုံရေးယူထားစဉ် စဉ့်ကိုင်မြိုနယ်ဒေသ ကာကွယ်ရေးတပ်ဖွဲ (LPDF SINTGAING) က တိုက်ခိုက်ခြင်းဖြစ်ကြောင်း စဉ့်ကိုင် LPDF က သတင်းထုတ်ပြန်သည်။
Source : KTN