နိုဝင်ဘာ ၁၇
ယမန်နေ့က PDF-Kalay တပ်ရင်း ၃၊ တပ်ခွဲစခန်းကို အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ကာ ဝင်ရောက်စီးနင်း၍ အမျိုးသမီးရဲဘော် ၈ ဦးနှင့် အမျိုးသားရဲဘော် ၂ ဦးကို ဖမ်းဆီးသွားခဲ့သော နေရာတဝိုက်တွင်၊ ယနေ့မနက် ၇ နာရီဝန်းကျင်မှ စတင်ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးလျက်ရှိသည်ဟု ချင်းပြည်အခြေစိုက် Zalen သတင်းဌာနမှ ဖော်ပြထားသည်။
PDF Kalay နှင့် CNDF တပ်များမှ ဖမ်းဆီးခံရသော ရဲဘော်များကို ပြန်လွတ်ပေးပါက လမ်းဖွင့်ပေးမယ်ဟု လော်စပီကာဖြင့်အော်၍ တောင်းဆိုသော်လည်း၊ စစ်ကောင်စီမှ မလိုက်ရောသောကြောင့် တိုက်ပွဲထပ်မံဖြစ်ပွါးနေခြင်းဖြစ်သည်ဟု သိရသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင်လည်း ကလေးမြို့နယ်အနောက်တောင်ပိုင်း နယ်မြေတဝိုက်တွင် နေရာအသီးသီးမှ စစ်ကြောင်းများခွဲကာ ချီတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များကို PDF (Kalay) ၊ CNDF ၊ CDF (KKG) နှင့် ဒေသခံ ပ.က.ဖ အဖွဲ့များပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့များမှ ညနေ ၆ နာရီခွဲ အချိန်ခန့်ထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရသည်။
မြို့လှရပ်ကွက်ဘက်မှ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း PDF (Kalay) တပ်ဖွဲ့များမှ မိုင်းဆွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင်၊ တာဟန်းရပ်ကွက်ရှိ တာဟန်းရဲစခန်းကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု PDF (Kalay) မှ ယမန်နေ့က သတင်းထုတ််ပြန်ထားပါသည်။