ရန်ကုန်၊ နိုဝင်ဘာ ၂
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မုံးကိုးမြို့မှတဆင့် ဖောင်းဆိုင်ဒေသသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကွန်ဒါနယ်မြေတွင် MNDAA က ပိတ်ဆို့တိုက်ခိုက်နေပြီး စစ်ကားများအား ဖောက်ခွဲဖျက်ဆီးနိုင်ကြောင်း ကိုးကန့်သတင်းရင်းမြစ် The Kokang ထံမှ သိရသည်။
The Kokang က ယနေ့ နိုဝင်ဘာလ ၂ ရက်တွင် ထုတ်ပြန်သော ဗီဒီယိုထဲတွင် စစ်ကောင်စီယာဉ်တန်းများအား MNDAA တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်နေသော လက်နက်ကြီး/ငယ်သံများ ကြားရပြီး စစ်ကားအချို့ပျက်စီးကာ မီးခိုးလုံးများကို တွေ့မြင်ရသည်။
Source / Khit Thit Media