မကွေး၊ ဒီဇင်ဘာ ၂၀ ၊ ၂၀၂၁
မကွေးလေတပ်မှာ အဖြူရောင်ဒုံးကျည်အသစ်တွေ တပ်ထားတဲ့ တိုက်လေယာဉ်တွေ ဒီနေ့မနက်ပိုင်းမှာ အတက်အဆင်းလုပ်တာ များနေတယ်လို့ မျက်မြင် ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ နေ့လယ် ၁၂ နာရီ လောက်မှာ အတက်အဆင်းလုပ် ပျံသန်းနေတာဖြစ်ပြီး မကွေးလေတပ်ထဲကို အဆင်းအတက်တွေများနေတယ်လို့ ဆိုပါတယ်။
“ မကွေးမြို့ပေါ်မှာ ပျံဝဲနေတာပါ၊ သူ့တို့ မကွေးမြို့ပေါ်ကို ဘာလုပ်ချင်နေတယ်တော့ မပြောတတ်ပါဘူး တက်လိုက်ဆင်းလိုက်နဲ့” ဟု ဒေသခံက ပြောကြားလာပါတယ်။
CRD:MyayLattVoice