ရန်ကုန်၊ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ကင်းလှည့်နေသော စစ်ကောင်စီ တပ်ရေယာဉ်များကို ယနေ့ PDF ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်လိုက်ပြီး စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာရရှိသွားကြောင်း မင်းကင်းPDF ၏ ပြန်ကြားရေး မင်းကင်းနွေးဦးတော်လှန်ရေးက သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၃၀ ရက်နေ့ နေ့လယ် ချင်းတွင်းမြစ်အောက်မြစ်ရိုးတွင် PDF များက ကြား ဖြတ်တိုက်လိုက်သောသော စစ်ကောင်စီ ဖလက်မော်တော်နှင့် အမြန်ယာဉ်တို့သည် ညနေ၆နာရီကျော်တွင် မင်းကင်းမြို့နယ်၊ တောင်ယာတောရွာ ဆိပ်ကမ်းသို့ရောက်ရှိပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သားများ နှင့်ပျူစောထီးများကို မင်းကင်းပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားကြောင်း သိရှိရသည်။

တချို့သော သေဆုံးသွားကြသည့် စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများကို ချင်းတွင်းမြစ်အတွင်း ပစ်ချပြီး အလောင်းဖျောက်ပစ်လိုက်ကြောင်း ၊ ယနေ့ တိုက်ပွဲတွင် ပင်တင်း၊ လက်ချိတ်အနီးတွင် စောင့် ဆိုင်းနေသော မင်းကင်း PDF တပ်ဖွဲ့များမှ နှစ်ဘက်ညှပ်၍ လက်နက်ကြီး၊ ငယ် များဖြင့် အပြင်းအထန် ပစ်ခက်ရာ မော်တော်မှာ တန့် သွားပြီး လည်ထွက်သွားကြောင်း၊ အဆိုပါတိုက်ပွဲတွင် မင်းကင်း PDF အဖွဲ့မှ ၂ ဦးဒဏ်ရာရရှိပြီး (မစိုးရိမ်ရ) စစ်ကောင်စီဘက်မှ အကျအဆုံးအထိအခိုက်များကြောင်း သိရှိရသည်။
Credit – KhitThitMedia News