နိုဝင်ဘာ ၇
မင်းဘူး-စကုမြို့နယ်အတွင်းက စစ်ကောင်စီဒေါက်တိုက် ရုံးဌာန နေရာအများစုမှာ ပြင်းအားမြင့် TNT ရမ်းသုံး အဝေးထိန်း remote မိုင်းတွေ အချိန်ယူ နေရာချထားပြီးဖြစ်တယ်လို့ မင်းဘူး-စကု PDF က သတိပေးပါတယ်။
ဒေသတွင်းက စစ်ကောင်စီ လက်ပါးစေ ရုံးတွေမှာ စစ်အာဏာရှင် ယန္တရားလည်ပတ်ဖို့ ပါဝင်လုပ်ဆောင်နေသူတွေအားလုံး မိမိတို့ရပ်လုပ်ဆွေကို ချက်ချင်းရပ်တန့်ပြီး CDM ပြုလုပ် ပြည်သူနဲ့အမြန်ဆုံးပူးပေါင်းဖို့ သတိပေးဖော်ပြထားပါတယ်။

ယမန်နေ့ အောက်တိုဘာ ၆ရက် မနက် ၇နာရီခွဲခန့် က စည်ပင်ရုံးကို တစ်လုံးဖောက်ခွဲပြခဲ့ပြီး သတိပေးထားတဲ့အတိုင်း မလုပ်ဆောင်ရင်မိုင်းတစ်လုံးပြီးတစ်လုံး ဖောက်ခွဲတိုက်ခိုက်မယ်လို့ မင်းဘူး-စကု PDF က ပြောပါတယ်။
အဲဒီလို ဖောက်ခွဲတိုက်ခိုက်လို့ ဖြစ်ပေါ်လာမယ့် ထိခိုက်မှုတွေအတွက် မင်းဘူး-စကု PDF က လုံးဝ ငဲ့ကွက်မှာမဟုတ်ကြောင်းနဲ့ ပြည်သူတွေ မထိခိုက်အောင်လည်း အတတ်နိုင်ဆုံးရှောင်ကျဉ်မယ်လို့ ကတိပြုဖော်ပြထားပါတယ်။
Source: SoneMhat