၂၇ အောက်တိုဘာ ၂၀၂၁မန္တလေး သိပ္ပံလမ်းပေါ်မှာရှိတဲ့ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အနီးအနားမှာ ရှိတဲ့ ဆိုင်ကယ်တချို့ မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။
မီတာရုံးတွေ အခွန်ရုံးတွေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ နေရာတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်နိုင်လို့ ပြည်သူတွေ သွားလာတာမလုပ်ကြဖို့ သက်ဆိုင်ရာ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ် သတိပေး သတင်းထုတ်ပြန်ထားပါတယ်။