ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ မီတာရုံးတွင် ယနေ့ အောက်တိုဘာ ၂၁ရက် နေ့လည် ၁နာရီ၂၃ မိနစ်အချိန်တွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ဖောက်ခွဲခဲ့သည့်အဖွဲ့က မဇ္ဈိမကို ဆက်သွယ်ပြောဆိုသည်။
“ မီတာရုံးကိုလက်လုပ်မိုင်းနှစ်လုံးနဲ့ဖောက်ခွဲခဲ့ပါတယ်ခင်ဗျာ။ အထိအခိုက်တော့မသိရသေးဘူးခင်ဗျာ၊ လူကိုထိတာတော့ထိနိုင်တယ်အကို။ အတိအကျမသိရသေးတာ” ဟု အမည်မဖော်လိုသည့် မြို့ပြပျောက်ကျားအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ပေါက်ကွဲမှုအပြီး စစ်ကောင်စီများ ရောက်လာကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။ ရန်ကုန်မြို့တွင် ယနေ့ နေ့လည်ပိုင်း လှိုင်၊ လှိုင်သာယာ၊ မရမ်းကုန်းမြို့နယ်တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ပုဇွန်တောင်ရှိ စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနပိုင် ကုန်သွယ်မှု ဗဟိုဌာနတွင်လည်း ဗုံးတွေ့ခဲ့သည်။
Source – OAK/Mizzima