ပေါက်၊ ဇန်နဝါရီ ၂၂
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက နေအိမ်တွေကို မီးရှို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်တွေ ဇန်နဝါရီ ၂၂ ရက် ဒီနေ့မှာ တိုက်ခိုက်ခံရပြီး စစ်သား ၁၄ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် PRA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဂျပန်ကပြောပါတယ်။
“ စစ်ကောင်စီဘက်က ၁၄ လောက် သေပြီး၊ ၃၀ ကျော်မသေမရှင်ဖြစ်သွားကြပါတယ်၊ သူတို့အလစ်အငိုက်မှာ လက်နတ်ကြီး၊လက်နတ်ငယ် ငယ်တွေနဲ့ ပစ်လိုက်တာ၊ “ လို့ သူကပြောပါတယ်။

အင်အား ၂၀၀ ကျော်ပါတဲ့ အဲ့ဒီစစ်ကောင်စီတပ်တွေကို မကွေးတိုင်း ပေါက်မြို့နယ် အရောက်မှာ ပြည်သူ့တော်လှန်ရေးတပ်မတော် – PRAနဲ့ zero ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
PRA ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက် ညနေ ၃ နာရီကလည်း မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကိုင်တိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို တိုက်ခိုက်ခဲ့လို့ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
MyayLattVoice