မြိုင်၊ ဒီဇင်ဘာ ၃၊ ၂၀၂၁။
မြိုင်မြို့အထွက်မှာ ရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို မြိုင် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ထိခိုက်မှုရှိနိုင်တယ်လို့ မြိုင်PDF ရဲ့ခေါင်းဆောင်ဆီက သိရပါတယ်။ ဒီနေ့မနက် ၉နာရီလောက်မှာ မြိုင်မြို့အထွက် ပုသိမ်- မုံရွာလမ်းစုံကနေ ပခုက္ကူဘက်ကို ထွက်တဲ့ လမ်းမှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မြိုင် PDF ခေါင်းဆောင်က ပြောပါတယ်။

“ မြိုင်အထွက်မှာ ဒီကောင်တွေကအင်အား ၁၀ ယောက်လောက်နဲ့စစ်ဆေးရေးပြုလုပ်နေတယ်၊ဆိုင်ကယ်တွေ ကားတွေ ဖုန်းတွေကို ပြည်သူတွေစိတ်ဒုက္ခရောက်အောင် စစ်တာဆေးတာပေါ့ဗျ၊ အဲဒီဂိတ်ကအရင်နှစ်ခါတိုက်ခိုက်ခဲ့တယ်၊အခုလည်းမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်၊သေဆုံးမှုနဲ့ထိခိုက်ရမှုတော့ပြောလို့မရသေးပါဘူး” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂ရက် မနေ့ကလည်း မြိုင်မြို့နယ် ဗဟင်းရဲစခန်းကို မြိုင် PDF က အလစ်ဝင်တိုက်ခိုက်ခဲ့တာ ရဲတပ်သား ၆ဦးးအနည်းဆုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြေလတ်အသံ