ယနေ့ ဇန်ဝါရီလ(၇)ရက်နေ့ နေ့လည်(၂)နာရီ မိနစ်(၅၀)ဝန်းကျင်က စစ်ကိုင်းတိုင်း၊ ယင်းမာပင်မှ ညောင်ပင်ကြီးသို့ မောင်းနှင်လာသည့် အာဏာသိမ်း စစ်တပ်၏ ယာဉ်တန်းအား ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းပဒေသာဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Triple Two TASK FORCE ပြောက်ကျားအဖွဲ့မှ မိုင်းပဒေသာဖြင့် တိုက်ခိုက်ခြင်းကြောင့် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းမှ ယာဉ်(၄)စီးကျော် ပျက်ဆီးထိခိုက်မှုများရှိကြောင်း သိရသည်။