ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်၊ ခရေပင်ရိပ်မွန်လမ်းရှိ မင်္ဂလာဒုံလေတပ်လုံခြုံရေးဂိတ်ကို ယနေ့ မွန်းလွဲ ၂ နာရီကျော်က လက်နက် ကိုင် တချို့က ဝင်ရောက်ပစ်ခတ်ရာ လေတပ်သား ၂ ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

ရန်ကုန်မြို့ အခြေစိုက် မြေပြင်ကင်းထောက် သတင်းရင်းမြစ်က လေတပ် လုံခြုံရေးဂိတ် အပစ်ခံရမှုကြောင့် လေတပ်သား ၃ ဦး သေဆုံးသည်ဟု သတင်းများကဆိုသည်။
“ လေဆိပ်ပြေးလမ်းထိပ် ခရေပင်ရိပ်မွန်လမ်း 21 ဂိတ်မှာ ပစ်တာလို့ပြောတယ်။လေတပ်သား ၂ယောက် ၊အရပ်သား ၂ ယောက်ထိသွားတယ်လို့ သိရပါတယ်” ဟု ရန်ကုန်ဒေသခံတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် အကြမ်းဖက်စစ်တပ်က အမှတ် ၃ လမ်းမ၊ အမှတ် ၂ လမ်းမ၊ ရန်ကုန်-ပြည်လမ်း အပါအဝင် လမ်းများကို ပိတ်ဆို့၍ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
Source : Khit Thit Media