• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဇွန် 30, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ရန်ကုန်မြောက်ဥက္ကလာမြို့နယ်ရဲစခန်း ပစ်ခတ်ခံရပြီး မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်

6 လ ago
ရန်ကုန်မြောက်ဥက္ကလာမြို့နယ်ရဲစခန်း ပစ်ခတ်ခံရပြီး မိနစ် ၂၀ ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်
0
SHARES
76
VIEWS

ရန်ကုန်၊ ဒီဇင်ဘာ ၃၁


ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရဲစခန်းတွင် ယနေ့ ညနေ ၆ နာရီ ၅၀ မိနစ်တွင် ပစ်ခတ်ခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ ရဲနှင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများအတွင်းသို့ ဝင်ရောက် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ မြောက်ဥက္ကလာရဲစခန်းမှာ ​သေနတ်သံများဆက်တိုက်ထွက် မိနစ်၃၀လောက်ရှိ​နေပြီ။ ၆ နာရီ ၅၀ မိနစ်လောက်နေ စပစ်တာပါ။ မြောက်ဥက္ကလာ ရဲစခန်းနား ပစ်တာ မိနစ် ၂၀ လောက်ထိ ကြာပါတယ်။ ၇ နာရီ ၁၀ မိနစ် လောက်အထိ ပစ်ခတ်ကြတယ်” ဟု မြောက်ဥက္ကလာပဒေသခံတစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးကမူ ရဲစခန်းကို အမည်မသိလူတချို့က လာရောက်ပစ်ခတ်သဖြင့် ရဲများက ပြန်လည် ပစ်ခတ်ကြောင်း၊ ရဲကားများဖြင့်ပါ လမ်းကြိုလမ်းကြားများထဲအထိ ဝင်၍ ပစ်ခတ်သွားကြောင်း၊ ပြည်သူတချို့ ကျည်ထိမှန်သော သတင်းများရရှိထားသော်လည်း အတည်မပြုနိုင်သေးကြောင်း ပြောဆိုသည်။

“ အပြန်အလှန်ပစ်ကြတာ ဆူညံနေတာပဲ။ မြောက်ဥက္ကလာ မြရတနာ ရဲစခန်းဝင်ပစ်တာထင်တယ်။ လက်နက်ကြီး လက်နက်လေး စက်သေနတ် အစုံပဲ။ ဗုံးပေါက်သံတွေရော။ တကယ်စစ်မြေပြင်အလားပဲ” ဟု‌ ဒေသခံတစ်ဦးက ပြောဆိုသည်။

” ယာဉ်တစ်စီးက စခန်းရှေ့ကနေ စပစ်သွားတာ မေတာဝီ လမ်းမ တစ်လျှောက် တောက်လျှောက်ကို စစ်ခွေးတွေက နောက်ကနေ လိုက်ပစ်တာ ပြီးတော့ ဗုံးပေါက်ကွဲသံ အကျယ်ကြီးပဲ ၃ကြိမ်လောက်ကြားရတယ်။ ထွက်တော့မကြည့်ရဲကျဘူး။ သေနတ်သံတွေ ဆူညံနေတာပဲ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

Source : KTN

BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

Interview

ယောနယ်အပါဝင် တိုင်းဒေသကြီးတွေမှာပါ ABSDF က လှုပ်ရှားနေပါတယ်

ဇွန် 28, 2022
ယောနယ်အပါဝင် တိုင်းဒေသကြီးတွေမှာပါ ABSDF က လှုပ်ရှားနေပါတယ်

(ဦးမောင်မောင်- ABSDF ယောနယ်တာဝန်ခံ) (၂၈/ ၆/၂၀၂၂) ချင်း-မကွေးနယ်စပ် ယောဒေသက စစ်သင်တန်းဆင်းပွဲတင်မကပဲ အခြားဒေသတွေမှာလည်း ABSDF တပ်တွေရှိနေတယ်။ ဒေသခံ PDF တွေနဲ့ ပူးတွဲလှုပ်ရှားနေပါတယ်လို့ ABSDF ဗဟိုကော်မီတီဝင်တဦးဖြစ်သူ ဦးမောင်မောင်ကပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ အလုပ်ရှုပ်နေပြီး...

Read more
by BNN Editor
0 Comments
Interview

လက်နက်အပါဝင် တော်လှန်ရေးအတွက် လိုအပ်ချက်အားလုံးကို ကျနော်တို့ တင်ပြနေပါတယ်

ဇွန် 13, 2022
လက်နက်အပါဝင် တော်လှန်ရေးအတွက် လိုအပ်ချက်အားလုံးကို ကျနော်တို့ တင်ပြနေပါတယ်

(ဒေါက်တာဇော်ဝေစိုး- ပြည်ထောင်စုဝန်ကြီး- NUG) (၁၃/၆ /၂၀၂၂) လက်နက်လိုအပ်ချက်အပါဝင် နွေဦးတော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်တွအားလုံးကို နိုင်ငံတကာအစိုးရတွေဆီ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနှင့် ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ဥရောပခရီးစဉ်အဖြစ် နော်ဝေနိုင်ငံကိုရောက်နေတဲ့ ပြည်ထောင်စုဝန်ကြီး...

Read more
by BNN Editor
0 Comments
Interview

“မြေပြင်အနေအထားအရ စစ်ရေးကို ဦးစားပေး အားဖြည့်စေချင်ပါတယ်”

ဇွန် 3, 2022
“မြေပြင်အနေအထားအရ စစ်ရေးကို ဦးစားပေး အားဖြည့်စေချင်ပါတယ်”

ဗိုလ်နဂါး- PDF ခေါင်းဆောင်- စစ်ကိုင်းတိုင်း (၂-၆-၂၀၂၂) စစ်ကိုင်းနဲ့မကွေးတိုင်းက မြို့နယ် ၃၀ ကျော်ကို NUG အစိုးရက လွတ်မြောက်ဒေသအဖြစ်ကြေညာပြီးတဲ့နောက် ဒေသခံ PDF တွေကို စစ်ရေးအကူအညီ ဦးစားပေးဖြည့်ပေးဖို့ လိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်းက ဒေသခံ...

Read more
by BNN Editor
0 Comments
Interview

ဒီစစ်တပ်ဟာ အရင် ကိုလိုနီနယ်ချဲ့၊ ဖက်ဆစ်နယ်ချဲ့တပ်တို့ထက် ပိုဆိုးနေတယ်

ဇွန် 1, 2022
ဒီစစ်တပ်ဟာ အရင် ကိုလိုနီနယ်ချဲ့၊ ဖက်ဆစ်နယ်ချဲ့တပ်တို့ထက် ပိုဆိုးနေတယ်

ဗိုလ်နဂါး- PDF ခေါင်းဆောင်- စစ်ကိုင်းတိုင်း (၁-၆-၂၀၂၂) စစ်ကောင်စီတပ်တွေရဲ့ ရွာမီးရှို့၊ လူသတ်လုပ်နေပုံတွေဟာ အရင် ကိုလိုနီခေတ်၊ ဖက်ဆစ်နယ်ချဲ့ခေတ်က တိုင်းတပါးတပ်တွေရဲ့ ရက်စက်မှုထက်တောင် ပိုဆိုးနေတယ်လို့ စစ်ကိုင်းတိုင်းက ဒေသခံ PDF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါးကပြောပါတယ်။စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက...

Read more
by BNN Editor
0 Comments
Load More
Next Post
သက်တော်စောင့် ချယ်ရီထက်ကို ဘယ်နေရာကို ပို့လိုက်တာလဲ

သက်တော်စောင့် ချယ်ရီထက်ကို ဘယ်နေရာကို ပို့လိုက်တာလဲ

သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝန EPC ရုံး ဗုံးပေါက်

သင်္ဃန်းကျွန်းမြို့နယ်၊ ဇဝန EPC ရုံး ဗုံးပေါက်

ထိပ်တန်းသတင်းများ

ယင်းမာပင်တွင် စစ်ကောင်စီနှင့် PDF များ တိုက်ပွဲပြင်းထန်

6 လ ago
52

ရေမြုပ် ဗုံး ဖောက်ခွဲသည့် စနစ် လူငယ်များ စမ်းသပ် (ရုပ်သံ)

7 လ ago
408

ရေစကြို နဲ့ မြင်းခြံ PDF အဖွဲ့ ရေမြှုပ်မိုင်း စမ်းသပ်အောင်မြင်

7 လ ago
505

ဆောင်းပါး

ယောနယ်အပါဝင် တိုင်းဒေသကြီးတွေမှာပါ ABSDF က လှုပ်ရှားနေပါတယ်
Interview

ယောနယ်အပါဝင် တိုင်းဒေသကြီးတွေမှာပါ ABSDF က လှုပ်ရှားနေပါတယ်

ဇွန် 28, 2022
3
အကူအညီကို ထိုင်စောင့်လို့ မဖြစ်ဘူး၊ ရှိတဲ့ဟာနဲ့ တီထွင်ကြံဆပြီး ဆက်လုပ်ဖို့လိုပါတယ်
Interview

အကူအညီကို ထိုင်စောင့်လို့ မဖြစ်ဘူး၊ ရှိတဲ့ဟာနဲ့ တီထွင်ကြံဆပြီး ဆက်လုပ်ဖို့လိုပါတယ်

ဇွန် 21, 2022
8
အာဏာသိမ်းထားသူတွေကို တရားဝင်အသိအမှတ်ပြုရမယ့်ဆွေးနွေးပွဲမျိုး ကျနော်တို့ လက်မခံနိုင်ပါဘူး
Interview

အာဏာသိမ်းထားသူတွေကို တရားဝင်အသိအမှတ်ပြုရမယ့်ဆွေးနွေးပွဲမျိုး ကျနော်တို့ လက်မခံနိုင်ပါဘူး

ဇွန် 18, 2022
3
ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့ပွဲ နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံတွင် ကျင်းပမည်
ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်၏ ၇၇ နှစ်ပြည့်မွေးနေ့ပွဲ နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံတွင် ကျင်းပမည်

ဇွန် 18, 2022
2

အဖတ်အများဆုံး

  • အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    0 shares
    Share 0 Tweet 0
  • ရုရှားထောက်လှမ်းရေး FSB မှ ပေါက်ကြားလာသော စိတ်၀င်စားစရာ အတွင်းစကားများ

    0 shares
    Share 0 Tweet 0
  • စကစ ရဲ့ ခမရ ၄၁၄ စစ်ကြောင်းကို တောင်ကုန်းပေါ်ကနေ RPG နဲ့ လှမ်းထု(ရုပ်သံ)

    0 shares
    Share 0 Tweet 0
  • ရုရှား – ယူကရိန်း နောက်ဆက်တွဲ ထူးခြားသတင်းများ (28-2-2022)

    0 shares
    Share 0 Tweet 0
  • နျူကလီယားစစ်ပွဲကြီး မဖြစ်ဖို့ ကူညီပေးတဲ့ နိုင်ငံကြီးအဖြစ် ကမ္ဘာအလယ်မှာ ရပ်တည်မလား၊ လူတောမတိုးတော့ပဲ အထီးကျန်ပြိုကွဲရတဲ့ နိုင်ငံအဖြစ် ရပ်တည်မလား

    0 shares
    Share 0 Tweet 0
BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.