ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ ထားဝယ်ချောင်ရဲစခန်းကို ယနေ့ည ၇ နာရီအချိန် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး ရဲများက စခန်းအတွင်းမှ ပြန်လည် ပစ်ခတ်ခြင်း၊ကားဖြင့်လိုက်လံ ပစ်ခတ်ခြင်း များလုပ်ဆောင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ ဒီည ၇ နာရီလောက်မှာ ရဲစခန်းထဲကို ဗုံးပစ်တာ ၊ နောက်ပြီးတော့ ကား၂နှစ်စီးနဲ့ ရဲတွေက ဗုံးပစ်သွားသူကို လိုက်ရှာ တယ်။ အခု မီးတွေလည်းဖြတ်ထားတယ်။ အခု အဲဒီနားမှာ ရဲတွေက သောင်းကျန်းနေတယ်။ ဆဲဆိုနေတယ် ၊ မှောင်နေတော့ မဲမဲမြင်ရာလုပ်မှာ စိုးတယ် ၊ ရဲတွေကလည်း ပြန်ပစ်တယ် ၊ ပထမ ဗုံးပစ်သံ အုန်း အုန်း ကြားရပြီးတော့ စခန်းထဲက ပြန်ပစ်တာပဲ။” ဟု ဒေသခံတစ်ဦးက ပြောသည်။
မြောက်ဒဂုံ ၄၉ ရပ်ကွက်၊ ၅၀ ရပ်ကွက် အပါအဝင် ထားဝယ်ချောင်ရဲစခန်းအနီးတွင် မီးများ ပြတ်တောက်နေကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို BNN အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။
CRD – KTN | BNN