၂၉ စက်တင်ဘာ ၂၀၂၁
ဒီကနေ့ လွိုင်ကော်မြို့နယ်ထဲက တိုက်ပွဲတွေမှာ အာဏာသိမ်းအကြမ်းဖက်စကစဘက်က အနည်းဆုံး အကောင် (၃၀) သေဆုံးပြီး PDF က သူရဲကောင်း အာဇာနည် (၅) ဦး တိုင်းပြည်နဲ့ ဒီမိုကရေစီရေးအတွက် အသက်ပေးလှူခဲ့ရကြောင်း လွိုင်ကော် PDF ကသတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စကစ တပ်တွေကို လွိုင်ကော် PDF၊ ဖယ်ခုံ PDF၊ မိုးဗြဲ PDF ၊ ဒီမောဆို PDF၊ KA နှင့် KNDF အပါအဝင် အခြား နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပါ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဆိုသည်။

မနက် ၉ နာရီခန့်ကနေ ည ၇ နာရီလောက်အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လွိုင်ကော် PDF မှ သူရဲကောင်းတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။
[email protected] ပြန်ကြားရေး အဖွဲ့ / လွိုင်ကော် PDF