လွိုင်ကော် ၊ ဒီဇင်ဘာ ၁၈
လွိုင်ကော်မြို့ အရှေ့မြောက်ဘက် ၂၂ ကီလိုမီတာအကွာ ရှိ ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
အဆိုပါ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာ ၏ ဒရုန်းပုံရိပ်များကို google earth မှ ဂြိုလ်တုပုံရိပ်အနေဖြင့်ရှာဖွေကာ geolocate လုပ်ပြီးမှတ်တမ်းတင် နိုင်ခဲ့ကြောင်းသိရသည်။

19.869472° N, 97.261881° E ကိုသြဒနိတ်ကို အသုံးပြုပြီး google earth or map တွင်ရှာဖွေကြည့်ရှု့နိုင်ကြောင်းသိရသည်။

နေရာအတိအကျမှာ လွိုင်ကော်မြို့ အရှေ့မြောက်ဘက် ၂၂ ကီလိုမီတာအကွာတွင် ဖြစ်ပြီး ယခုအချိန်ထိစစ်ကောင်စီစစ်တပ်များ ကျေးရွာအနီးတစ်ဝိုက်တွင် ရှိနေသည်ဟု ဒေသခံပြည်သူတစ်ဦးကပြောဆိုသည်။
၎င်းနှင့်ပတ်သက်သော အချက်အလက်များရှိပါက bit.ly/mywits သို့ လုံခြုံစွာပေးပို့ နိုင်ကြောင်းသိရသည်။
Photo Credit: KNDF