ပေါက်၊ ဇန်နဝါရီ ၇၊ ၂၀၂၂
မကွေးတိုင်း၊ ပေါက်မြို့နယ်က သရက်ကန်ရဲစခန်းမှာ ဇန်နဝါရီလ ၆ ရက် မနေ့ကမနက် ၄ နာရီလောက်က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ ရှော့တိုက်ဒုံး ၆ လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စခန်းအတွင်းက ရဲတဦး သေဆုံးခဲ့တယ်လို့ Myaing PDFက ထုတ်ပြန်ပါတယ်။
“ တာဝေးရှော့ဒုံးနဲ့ပစ်တယ်၊ ရှော့ဒုံးနဲ့ပစ်လိုက်တာမှာ ကတုပ်ကျင်းထဲက ရဲတယောက်ကို အငိုက်မိပြီး မှန်သွားတယ်။ မနက် ၄ နာရီလောက်ကတည်းက အပြန်အလှန်ပစ်ခတ်ကြတာ၊” လို့ သူက ပြောပါတယ်။

မြိုင် PDF အဖွဲ့၀င်တွေက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတွေအနေနဲ့လည်း ရဲစခန်းအတွင်းရှိ ကတုပ်ကျင်းထဲကနေ ပြန်ပြီး ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်ချိန် ၁၅ မိနစ်လောက် ကြာခဲ့တယ်လို့လည်း သိရပါတယ်။
မြိုင် PDF ရဲ့ထုတ်ပြန်ချက်အရ မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက် မနက်အစောပိုင်းကလည်း စစ်အုပ်စုယာဉ်တန်းကို ပေါက် – မြိုင် နယ်စပ် ကမ်းပြိုလမ်းပိုင်းမှာ ပဒေသာမိုင်းနဲ့တိုက်ခိုက်ခဲ့လို့ စစ်သား ၅ ဦးသေဆုံးခဲ့ တယ်လို့လည်း ဆိုပါတယ်။
MyayLattVoice