ရန်ကုန်၊ ဇန်နဝါရီ ၇
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကူညီမည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင် မြန်မာနိုင်ငံကို လာရောက်သည့် ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်း ရန်ကုန်နှင့် မန္တလေးတွင် ဗုံးများပေါက်ကွဲကြောင်း ဒေသခံ ပြည်သူများထံမှ သိရှိရသည်။
ရန်ကုန်တိုင်း၊ သန်လျင်မြို့ ပြည်တော်သာလမ်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲလိုင်းခန်းကို ယနေ့မနက် ၆နာရီ၅၀မိနစ် အချိန်တွင် ဗုံးဖောက်ခွဲလိုက်ကြောင်း၊ အဆိုပါပေါက်ကွဲမူကို Urban Phoenix Force အဖွဲ့က အဝေးထိန်းဖြင့်သတိပေးဖောက်ခွဲမူပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိပြည်သူ့ဘက်ရပ်တည်ရန်ကျန်ရှိနေသော ရဲဝန်ထမ်းများနှင့်မိသားစုဝင်များကို ပြည်သူ့ဘက်ကို အမြန်ဆုံးရပ် တည်ရန် သတိပေးဖောက်ခွဲ့မူပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ဗုံးပေါက်ကွဲပြီး အဆိုပါ ပေါက်ကွဲသံကို တစ်မြို့နယ်လုံးကြားသိရကြောင်း ဒေသခံများက ပြောဆိုသည်။
အလားတူ ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၁ မိနစ်အချိန် D.R.F တပ်ဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ EPC ရုံးတွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ယမန်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်း၊ သာကေတ EPC ရုံးအတွင်းရှိ စစ် ကားပေါ်သို့ လက်ပစ်ဗုံး ပစ်၍တိုက်ခိုက်ခဲ့ကြောင်း (B.F.R.A.F)တပ်ဖွဲ့မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။