ရန်ကုန် ၊ ဧပြီ ၉
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အမှတ် (၄)လမ်းမကြီး ဒညင်းကုန်းရထားသံလမ်းအနီးတွင် စစ်ကောင်စီတပ်မှ ကားတစ်စီးအား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း From Zero To Hero(ZTH)အဖွဲ့က ယနေ့ ဧပြီလ (၉) ရက်တွင် ထုတ်ပြန်သည်။
ယနေ့နံနက် (၉) နာရီ (၁၅) မိနစ်တွင် ဒညင်းကုန်းရထားသံလမ်းအနီးရောက်ရှိနေသော စစ်ကားတစ်စီးကို ရှေ့ထွက်မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်ခဲ့သော်လည်း တစ်လုံးသာ ဖောက်ခွဲနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

” ပေါက်ကွဲမှုကြောင့် အကြမ်းဖက်တစ်ကောင် ထိမှန်သွားခဲ့ပါသည်။ လမ်းပေါ်တွင်လည်း ဗုံးထိမှန်ထားသော ကားတစိတ်အပိုင်း တချို့ရှိနေသေးသည် ” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ ZTH က ထုတ်ပြန်သည်။
၎င်းတို့အနေဖြင့် တော်လှန်ရေးအရှိန်မြှင့်လုပ် ဆောင်နေသကဲ့သို့ ပြည်သူများအနေဖြင့်လည်း မကြာမီကျရောက်မည့်သင်္ကြန်မှာ ပျော်စရာသင်္ကြန်မဟုတ်သောကြောင့် မိမိအိမ်၌သာ နေထိုင်ကြရန် ZTH အဖွဲ့က မေတ္တာရပ်ခံထားသည်။
The Nation Voice