မဲခေါင်၊ ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဒူပလာယာခရိုင်၊ ကော့နွဲကျေးရွာ၊ အာရှလမ်းမတွင် ရင်ဆိုင် တိုက်ပွဲများဖြစ်ခဲ့ပြီး ၂ ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှအကျအဆုံးများပြီး ဒဏ်ရာ ရရှိသူများကြောင်း မြေပြင်စစ်သတင်းများကို အခြေခံပြီး ဒူပလာယာခရိုင်က ယနေ့ ထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၅ တွင် စစ်ကောင်စီတပ်များ၏ လေးကေ့ကော်မြို့သစ်အတွင်း ကျူးကျော်ဝင်ရောက်မှုများကြောင့် KNLA တပ်များနှင့် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ BGF များပါ ဝင်ရောက်တိုက်ခိုက်နေသည်။

KNLA ၊ KNDO ၊ PDF တပ်ဖွဲ့များက ကျူးကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များအား ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီဘက်မှ အသေအပျောက်များနေသည်။ အထိနာနေသည့် စစ်ကောင်စီ အဖွဲ့သည် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများပါ အသုံးပြုနေရသည်။ စစ်ကောင်စီ၏ လက်နက်ကြီးများကြောင့် လေးကော်ကေ့ဒေသအတွင်းရှိ ပြည်သူထောင်နှင့်ချီ ထိုင်းနိုင်ငံဘက်ခြမ်းသို့ စစ်ရှောင်များအဖြစ် ထွက်ပြေးနေရသည်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မူသယ်လမ်းရှိ လွမ်းဘိုကုန်းတွင် ယမန်နေ့က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် KNLA နှင့်စစ်ရေးတင်းမာလျက်ရှိသည်။ အချိန်မရွေး ပစ်ခတ်တိုက်ခိုက်မှုများရှိလာနိုင်သောကြောင့် ဒေသခံများအား တိမ်းရှောင်ထားကြရန် နှစ်ဘက်စလုံးက သတိပေးထားသည်။
REF: MEKHONG NEWS