ဇဏ်ခီတို့ ဇနီးမောင်နှံက တန်ဖိုးထားတဲ့ပစ္စည်းလေးတွေကို မဲလက်မှတ်တွေရောင်းပြီး တော်လှန်ရေးအတွက် အလှူငွေရှာဖွေ ဖို့ စီစဉ်ကြမှာဖြစ်ပါတယ်။ တော်လှန်ရေးအတွက် ကိုယ်ပိုင်လက်ဝတ်ရတနာပစ္စည်းတွေကို မဲလက်မှတ်တွေရောင်းပြီး အလှူငွေအတွက် စီစဉ် ကြမှာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၅ ၊ ၂၀၂၂
နာမည်ကျော် သရုပ်ဆောင်နဲ့ ဒါရိုက်တာဇနီးမောင်နှံ ခီမောင်နှံ လို့ လူသိများတဲ့ ဇဏ်ခီနဲ့ ခရစ္စတီနာခီတို့က သူတို့နှစ်ဦးတန်ဖိုးထားတဲ့ ပစ္စည်း လေးတွေကို မဲလက်မှတ်တွေရောင်းပြီးတော့ တော်လှန်ရေးကာလအတွင်း လှူဒါန်းမှုတွေလုပ်မယ့်အစီ အစဉ်ကို စတင်ပြုလုပ် နေပါပြီ။
“ကိုဇဏ်က ခရစ္စကို မင်္ဂလာသက်တမ်း ၁၃နှစ်မြောက်မှာ surprise လက် ဆောင်လေးအနေနဲ့ အခုပုံထဲမှာဝတ်ပြထားတဲ့ ဆွဲကြိုးလေးနဲ့ နားကပ်လေးပေးခဲ့ပါတယ်။ Fundraising လုပ်ဖို့ပစ္စည်းလေးတွေ စဉ်းစားလိုက်တဲ့ အခါမှာ အဲဒီ့ပစ္စည်းလေးနဲ့ စလုပ်ချင်တယ်လို့ခရစ္စက ကိုဇဏ်ကိုပြောပြပြီးခွင့်တောင်းလိုက်တော့ သူကလည်းကြည်ကြည်ဖြူဖြူပဲလုပ်ပါလို့ပြောပါတယ်။ ချစ်ခြင်းမေတ္တာဟာ အင်အားကြီးတဲ့ ခွန်အားတခုဖြစ်စေတယ်လို့ကိုဇဏ်နဲ့ခရစ္စကတော့ယုံကြည်ပါတယ်။ ဒီချစ်ခြင်းမေတ္တာတွေ အပြည့်ပါတဲ့ မင်္ဂလာချစ်သက်လက်ဆောင်ကို နိုင်ငံရဲ့လိုအပ်တဲ့နေရာတွေမှာမျှဝေပေးချင်ပါတယ်။ ကိုဇဏ်နဲ့ခရစ္စတို့နဲ့အတူတူ မျှဝေကြဖို့လည်းဖိတ်ခေါ်ပါတယ်” လို့ ခရစ္စတီနာက ပြောထားပါတယ်။
ပထမဆုံး ရန်ပုံငွေရှာဖွေရေးအတွက် အသုံးပြုမှာကတော့ 18K 3 color (yellow, white & pink gold) လည်ဆွဲတကုံးနဲ့ နားဆွဲတရံပါ။ Fundraising ticket တွေကို ဇန်နဝါရီ ၁၅ ရက်(ဒီနေ့) ကနေ စပြီးတော့ ဇန်နဝါရီ ၁၉ ရက်အထိ ၅ ရက်အကြာ ရောင်းချပေးသွားမှာလည်းဖြစ်ပါတယ်။
စိတ်ပါဝင်စားသူတွေအနေနဲ့ https://www.facebook.com/Zenn-Kyi-Christina-Kyi-Charity-Page-101560995760161/ မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ လက်မှတ်တွေကိုတော့ မြန်မာ၊ အမေရိကန်၊ ထိုင်း၊ စင်ကာပူ နဲ့ ကိုရီးယား ငွေတွေနဲ့ ဝယ်ယူနိုင်ပြီး မြန်မာနိုင်ငံကဆိုရင် ကျပ် တစ်သောင်းကျပ်၊ အမေရိကန်နိုင်ငံကဆိုရင် ၆ ဒေါ်လာ၊ ထိုင်းနိုင်ငံကဆိုရင် ဘတ် ၂၀၀၊ စင်ကာပူနိုင်ငံကဆိုရင် စင်ကာပူဒေါ်လာ ၁၀၊ ကိုရီးယားနိုင်ငံကဆိုရင် ဝမ်ငွေ ၇၀၀၀ နဲ့ ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။
အခြားနိုင်ငံတစ်ခုခုကနေ ဝယ်ယူမယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၆ ဒေါ်လာ သတ်မှတ်ထားတယ်လို့လည်း ပေ့ချ်မှာ ဖော်ပြ ထားတာတွေ့ရပါတယ်။
SpringRevolution ၊ PVTV