ယနေ့ နံနက် ၆နာရီဝန်းကျင်က ရန်ကုန်ုမြို့ ကမာရွတ်မြို့နယ် ဘုရင့်နောင်တာဝါအနီးယာဉ်ထိန်းရုံ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရုံပျက်စီးသွားပြီး အနီးနားမှာရှိနေတဲ့ ကားတစ်စီး မှန် တွေကွဲသွားခဲ့တယ်လို့သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကိုတော့ မသိရှိရသေးသလို ၊ အခုဖြစ်စဉ်ဟာလည်း ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တာဖြစ်တယ်ဆိုတာလည်း မသိရှိရသေးပါဘူး။ သတင်းအပြည့်အစုံကို မကြာမီ တင်ဆက် ပေးပါ့မယ် ။ (စမ်းသပ် သတင်းဖြစ်သည်)
ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်
ဇူလိုင်(၁)ရက် ကရင်ပြည်နယ် ဝေါလေဒေသရှိ ဥကရစ်ထစခန်းတိုက်ပွဲ သည် နှစ်ဘက် ထိတွေ့မှု ပြင်းထန်လျက်ရှိနေရာ ဒေသခံ ပြည်သူများ ထောင်နှင့်ချီ၍ စစ်ဘေးရှောင် နေရပြီး အရေးပေါ်လိုအပ်ချက်များစွာ ရှိနေကြောင်း Lay Kay Kaw Youth Network...