ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်က ပြည်ထဲရေး ဒုဝန်ကြီးဖြစ်ခဲ့ဖူးသူ ဒု ဗိုလ်ချုပ်ကြီးဟာ လက်ရှိအချိန်မှာ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်ပြည်နယ်က တိုက်ပွဲတွေကို ကွပ်ကဲနေတဲ့ ကစထမှူး ဖြစ်နေပါပြီ။ သူ က ဘယ်သူပါလဲ . . . .
လက်ရှိ လေးကေ့ကော်၊ မဲထော်သလေး စတဲ့ ဒေသတွေမှာ တိုက်နေတဲ့ စစ်ကောင်စီတပ်တွေကို အဓိက ညွှန်ကြားပဲ့ကိုင်နေသူဖြစ်ပါတယ်။

.
ဒုဗိုလ်ချုပ်ကြီး ဟာ ရခိုင်ပြည်နယ်မှာ ၂၀၁၆၊ ၂၀၁၇ အာဆာ ဖြစ်စဉ်တွေတုန်းက မောင်တောထိ ကိုယ်တိုင်သွားရောက် ကြီးကြပ်ခဲ့သူပါ။
.
သူဟာ တပ်မတော်အတွင်းမှာ နာမည်ကောင်းရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။
.
အရပ်ဖက် အစိုးရနဲ့ ဆက်ဆံရေး ပြေလည်လို့ ပြည်ထဲရေး ဒုဝန်ကြီး ရာထူးကနေ ဖယ်ရှားခံရပြီး စစ်ရုံးဘက်ကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
ဒါ့အပြင် သူ့ရဲ့ စီနီယာဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကိုလည်း ပြည်ထဲရေးဝန်ကြီးရာထူးကနေ ၂၀၂၀ ဖေဖော်ဝါရီတုန်းက ဖယ်ရှားခံခဲ့ရ ပါသေးတယ်။
ကရင်ပြည်နယ်က တိုက်ပွဲတွေကို အဓိက ကွပ်ကဲနေတဲ့ စစ်ကောင်စီ ဒု ဗိုလ်ချုပ်ကြီး ကတော့ အောင်စိုး ပဲ ဖြစ်ပါတယ်။
Source and REF: MrattKT