ရန်ကုန်၊ အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အင်းရွာရဲကင်းစခန်းကို အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်း Fox Army HPDF အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ပြာချလိုက်ကြောင်း၊ ယင်းဖြစ်စဉ်တွင် စစ်ကောင်စီဘက်မှ အစောင့်စစ်သားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံကာကွယ်ရေးတပ်က ရန်ကုန်ခေတ်သစ်သို့ပြောသည်။
“ အစောင့်စစ်သားတစ်ဦးတော့သေသွားတယ်။ ရဲတွေတော့မရှိတော့ဘူး။ တိုက်ပွဲတော့မဖြစ်ပါဘူး။ ကင်းပုန်းဝပ်နေတာပဲရှိတာပါ။ စခန်းမှာက ရဲတွေကနေ့အချိန်ကိုမော်တော်နဲ့လာပြီး ညကိုပြန်လုပ်နေတဲ့စခန်းပါ” ဟု ဒေသခံကာကွယ်ရေးတပ်မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
Fox Army HPDF အဖွဲ့ကစစ်ကောင်စီ၏ ဒေါက်တိုင်များကို ဆက်လက် ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
Credit – Khit Thit Media