ကရင်၊ အောက်တိုဘာ ၁၁။
ကော့ကရိတ်မြို့နယ်၊ ကော့နွဲရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၁၁ ရက်တွင် စစ်ကောင်စီ၏ ခမရ ၅၅၆ နှင့် KNLA တို့ တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့ပြီး ယခု နောက်ဆုံးရရှိသည့် သတင်းအရ အကြမ်းဖက် စစ်တပ်မှ သေဆုံးသူ ၅ ဦးအထိ ရှိလာပြီး ဒါဏ်ရာရသူ ၂၀ နီးပါးအထိရှိကြောင်း သိရသည်။
စစ်ကောင်စီဘက်မှ သေဆုံးသူနှင့် ဒါဏ်ရာရ သူများကို ယနေ့ည ၈ နာရီ အခ်ျန်အထိ တိုက်ပွဲဖြစ်ရာနေရာမှ သယ်ယူနိုင်ခြင်းမရှိသေးကြောင်းသိရသည်။
“ သူတို့ဘက် က သေတဲ့လူနဲ့ ဒါဏ်ရာရ သူတွေကို ခုထိ မထုတ်ရသေးဘူး ဖြစ်တဲ့နေရာမှာရှိနေတုန်းပဲ။

သေသူနဲ့ ဒါဏ်ရာရ သူများတယ် ညဘက်မှ ထုတ်ကယ်လို့ရမယ်။ သူတို့မတိုးရဲတော့ဘူး” ဟု KNLA သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
ကော့ကရိတ် မြို့အထက်ရှိ တစ်တန်နှင့် ချောင်းတောင် အနီးတွင် စစ်တပ်မှ အင်အားတိုးချဲ့ ထားပြီး မြဝတီမှ တပ်များမှလည်း စစ်ကူလာပေးနေကြောင်းသိရသည်။
ခမရ – ၅၅၆ သည် မြန်မာ-ထိုင်း အာရှလမ်းမကြီးကို လုံခြုံရေး ယူထားသည့် တပ်ဖြစ်သည်။
စစ်ကောင်စီ တပ်များမှ အာရှလမ်းမကြီးဘေးရှိ
ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ကော့နွဲရွာ သို့ ယနေ့မနက်ပိုင်းမှ ကျူးကျော်လာခဲ့ပြီး ကော့နွဲရွာမှ မြို့ဟောင်း ရွာဘက်သို့ သွားရန်လုပ်ဆောင်ရာမှ တိုက်ပွဲစတင်ခဲ့ခြင်း ဖြစ်သည်။
ပုံစာ – ကရင်ပြည်နယ်အတွင်း တွေ့ရသည့် စစ်ကောင်စီ တပ်ဖွဲ့၀င်များ ( ပုံဟောင်း )
Burma Associated Press