အောက်တိုဘာ၊ ၁၆။
ကော့ကရိတ် အံကလော်ရွာနှင့် ရွာသစ်ကုန်း ရွာအကြားတွင် စစ်ကောင်စီနှင့် KNLAတို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများကပြောသည်။ ၎င်းတိုက်ပွဲကြောင့် စစ်ကောင်စီဘက်မှ တစ်ဦးကျဆုံးကြောင်း ကနဦး သတင်းရရှိထားသည်။ နံနက် ၈နာရီကနေ အခုအချိနိထိပသ်ခတ်နေခြင်းဖြစ်ပြီး၊ လက်ရှိတွင် အနီးနားက ရွာများမှ လက်နက်ကြီးသံများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများကပြောသည်။

ပြီးခဲ့သည့်ရက်ကလည်း ရွာသစ်ရွာနှင့် ကမိုင်ကုန်းရွာအနီးတွင် တိုက်ပွဲပြင်ူထန်ခဲ့ပြီး၊ စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်ဖြင့် အဆက်မပြတ် ရမ်းသမ်းပသ်ခတ်မှုကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး၊ ဒေသခံများလည်း စစ်ဘေးလွှတ်ရာ တိမ်းရှောင်ခဲ့ကြရသည်။ ၎င်းတို့မှာ ယခုအချိန်ထိ နေရပ်မပြန်နိုင်ဘဲ ရှောင်ပြေးနေကြရသည်။
Burma Associated Press