၂၉/၄/၂၀၂၂
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ကျေးရွာကို စစ်တပ်က ဧပြီလ ၂၉ ရက်နေ့ ဒီကနေ့ မနက်အစောပိုင်းက တစ်ရွာလုံးကို မီးတင်ရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မအလကို ဆန့်ကျင့်လို့ဆိုပြီး လက်နက်ကြီးများနဲ့အရင်ပစ်ခတ်ပြီးမှ ရွာထဲ၀င်ပြီး မီးရှို့ဖျက်ဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းထဲက ရွာတွေကို ယူစရာရှိတာတွေ ယူပြီးရင် ရွာလုံး ကျွတ်မီးရှိို့ဖျက်ဆီးခဲ့ဖို့ အာဏာသိမ်းစကစ က အောက်ခြေတပ်တွေကို ညွှန်ကြားထားတယ်လို့လည်း နေပြည်တော်ဖရဲသီးတွေက ပြောပါတယ်။ ဦးစားပေးရှို့ရမဲ့ ရွာတွေအမည်စာရင်းကို ဖွတ်ပါတီက ကူညီပေးနေတယ်လို့လည်း နေပြည်တော်ဖရဲသီးများက ပြောပါသည်။
BNN