ပုသိမ် ၊ ဧပြီ ၁၆
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ဗဟိုမဏ္ဍပ်အနီးမှာဧပြီလ ၁၅ ရက်နေ့ သင်္ကြန်အတက်နေ့ နေ့လည်၁၂နာရီ ၄၅ မိနစ် အချိန်ခန့်က ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ ဗဟိုနားရေပေါ်ဈေးကအမိူက်ဘုံးထဲပေါက်တာ ထိခိုက်တာတော့မကြားမိဘူး အသံတော့တော်တော်ကျယ်တယ်ရဲတွေက အဲ့နားက CCTVတွေကို စစ်နေတယ်” လို့သူကပြောပါတယ်။

ဒီနေ့ညနေပိုင်းမှာ ပုသိမ်ဗဟိုမဏ္ဍပ်သင်္ကြန်ပိတ်ပွဲကို စစ်ကောင်စီရဲ့ ၀န်ကြီးချုပ် တက်ရောက်ဖို့ရှိနေပြီး လုံခြုံရေးတိုးမြှင့်ထားတဲ့ အချိန်မှာ ခုလိုပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီနဲ့ ရဲတွေက ဗုံးပေါက်တဲ့နေရာမှာ ပိတ်ဆို့စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ရေပေါ်ဈေးဘက်ကို နာရီ၀က်ခန့်ပိတ်ဆို့ပြီး ခုချိန်မှာတော့ ပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
Credit -Ayeyarwaddy_Times