• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ဗုဒ္ဓဟူး, ဇူလိုင် 6, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့်ရဲများ၏ အတိုးမဲ့ ၂ လစာချေးငွေများ အရစ်ကျစနစ်ဖြင့် ​ပေးဆပ်ခိုင်းနေ

9 လ ago
စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့်ရဲများ၏ အတိုးမဲ့ ၂ လစာချေးငွေများ အရစ်ကျစနစ်ဖြင့် ​ပေးဆပ်ခိုင်းနေ
0
SHARES
1
VIEWS

11 Oct 2021 By MPA


စစ်ကောင်စီမှ ၄င်းတို့လက်အောက်ခံ စစ်သားနှင့်ရဲများ၏ အတိုးမဲ့ ၂ လစာချေးငွေများအား အရစ်​ကျစနစ်ဖြင့် ပြန်လည်ပေးဆပ်ရန်ညွှန်ကြားလိုက်ကြောင်း စစ်တပ်အသိုင်းအဝိုင်းထံကသိရသည်။
ယခင်အရပ်သားအစိုးရလက်ထက် ကိုဗစ်ဒုတိယလှိုင်းအတွင်း ၄င်းတို့၏တပ်ဖွဲ့ဝင်များထံ ထုတ် ချေးပေးထားသည့် အတိုးမဲ့ ၂ လစာချေး ငွေများအား အောက်တိုဘာလကုန်မှ စ၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ ၁၂လ အကြာ လစာငွေ မှအရစ်ကျစနစ်ဖြင့် ဖြတ်တောက်မည်ဖြစ်ကြောင်းသိရသည်။
” ဒီလကုန် စဖြတ်မှာ စာထွက်ထားပြီးပြီ။ ပြန်ဖြတ်တာတော့တယောက်နဲ့တယောက်မတူဘူး။ ကျနော်တို့ဆို ၃၅၀၀၀ လောက်အဖြတ်ခံရမယ်။ အဆင့်လိုက်ဘဲ ရတုန်းကလည်းမတူဘူးပေါ့။ ဒါမယ့်ခုကာလကကုန်စျေးနှုန်းတွေကအရမ်းတက် နေတော့ သိပ်အဆင်​ပြေဘူး” ဟု နေပြည်တော်အတွင်း တာဝန်ထမ်းဆောင်နေသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက MPA သို့ ပြောသည်။
အဆိုပါချေးငွေများသည် ယခင်စစ်အာဏာ မသိမ်းမီက စစ်တပ်တိုက်ရိုက်ထိန်းချုပ်ထားသည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာဝန် ကြီးဌာနသုံးကိုသာ ပြန်လည်တောင်းခံခြင်းဖြစ်ပြီး ကျန်Non-CDM ဝန်ထမ်းများအား ၆ လ ထပ်မံဆိုင်းငံ့ပေးထားသည်ဟု သိရသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။
” ပြန်ဆပ်ဖို့ဆိုပြီး စာထွက်ထားတာတော့ကြာပြီ။ ကာကွယ်ရေးဘက်ကလို ငွေပမာဏအတိ အကျတော့စာထွက်တာတော့မရှိသေးဘူး။ ၆လ ဆိုင်းငံ့တယ်လို့လည်း ကြားတယ်။ ခုကာလမှာ ကုန်စျေးနှုန်းတွေကအရမ်းတက်နေတာ ဒီပိုက်ဆံတွေက လျှော်ပေးသင့်ပါတယ်။ ” ဟု ရန်ကုန်တိုင်းအတွင်းရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာနဝန်ထမ်း တဦးက ဆိုသည်။
စစ်ကောင်စီထံ ပြည်သူလူထုမှအခွန်မဆောင်ခြင်း၊ စီးပွားရေးကျဆင်းလာခြင်းများကြောင့် ဘဏ္ဍာရေးဆိုင်ရာအကျပ်အတည်း တွေ့နေပြီး ယခင်အရပ်သားအစိုးရထုတ်ချေးပေးခဲ့သည့် ဝန်ထမ်းချေးငွေများ အတင်းအကျပ် ပြန်လည်တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲ တွင်လည်း စစ်သားများ၏လစာ ငွေများတိုးပေးရန်အစီအစဥ်ရှိမရှိသေးဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်းသိရသည်။

Credit – MPA

Tags: Spring Revolution
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

စစ်ရေး

အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင် 5, 2022
အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင်(၅) ၊ မြင်းမူ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို တင်ဆောင်လာသည့် ယာဉ်တစီးကို ဇူလိုင်(၅)ရက် ယနေ့ ညနေခန့် က စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force...

Read more
by BNN Editor
0 Comments
စစ်ရေး

အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင် 2, 2022
အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင်(၂) ချင်းပြည်နယ် မင်းတပ် မြို့နယ် ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ယနေ့ နံနက်ပိုင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံ ပြည်သူ ၂ ဦး...

Read more
by BNN Editor
0 Comments
စစ်ရေး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင် 1, 2022
သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင်(၁) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး ကာ ဒဏ်ရာ ရရှိသူအများအပြား ရှိခဲ့ကြောင်းသိရသည်။ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူများအပါအဝင်...

Read more
by BNN Editor
0 Comments
ကျန်းမာရေး

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင် 1, 2022
ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့်  ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင်(၁)ရက် ကရင်ပြည်နယ် ဝေါလေဒေသရှိ ဥကရစ်ထစခန်းတိုက်ပွဲ သည် နှစ်ဘက် ထိတွေ့မှု ပြင်းထန်လျက်ရှိနေရာ ဒေသခံ ပြည်သူများ ထောင်နှင့်ချီ၍ စစ်ဘေးရှောင် နေရပြီး အရေးပေါ်လိုအပ်ချက်များစွာ ရှိနေကြောင်း Lay Kay Kaw Youth Network...

Read more
by BNN Editor
0 Comments
Load More
Next Post
UKလေယာဉ်တင်သင်္ဘောအုပ်စုဒီကနေ့စင်ကာပူကိုဆိုက်မယ်

UKလေယာဉ်တင်သင်္ဘောအုပ်စုဒီကနေ့စင်ကာပူကိုဆိုက်မယ်

ဒီမိုကရေစီနဲ့ အာဏာရှင် အတူနေလို့မရဘူးဆိုတဲ့ တိုင်ဝမ်သမ္မတမိန့်ခွန်းကို တရုတ်အစိုးရက ကန့်ကွက်

ဒီမိုကရေစီနဲ့ အာဏာရှင် အတူနေလို့မရဘူးဆိုတဲ့ တိုင်ဝမ်သမ္မတမိန့်ခွန်းကို တရုတ်အစိုးရက ကန့်ကွက်

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.