အောက်တိုဘာ ၂၄
အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ပင်လုံဆေးရုံတွင် ကျည်များထိမှန်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ ‘ဒီနေ့ အောက်တိုဘာလ ၂၄ရက် မနက် ၃ နာရီခွဲလောက် မြောက်ဒဂုံမှာ အော်လံကြီးနဲ့လိုက်အော်ပြီး သေနတ်တွေနဲ့ခြောက်ပစ်နေတယ်၊ အသံက အရမ်းနီးတယ်၊ ၃၁ ရပ်ကွက်၊ ၃၃ ရပ်ကွက်၊ ၂၈ ရပ်ကွက်၊ ၂၇ရပ်ကွက်ကနေ အကုန်ကြားနေရတယ်။ အတွဲလိုက်တွေ ပစ်နေတာ။ နောက်မှ သိရတာက ပင်လုံဆေးရုံကိုပစ်တာ၊ ပင်လုံနှင်းဆီအိမ်ရာက်ု ညဦးပိုင်းလောက်ကတည်း စစ်ကားတွေနဲ့ ဝင်ရှာနေတာ။ မနက်ကျတော့ ပစ်သံကြားရတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

မြောက်ဒဂုံမှ အခြားဒေသခံတစ်ဦးကမူ “ Taxi ကား တစ်စီးကို စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့က ပစ်ခတ်တာ။ Taxi နောက်ခန်းမှာ လိုက်လာတဲ့ ခရီးသည်ပြည်သူတစ်ဦး ဦးခေါင်း ကျည်ဆံ ထိမှန်တယ်။ ဦးခေါင်း နောက်စေ့ ပွင့် သေဆုံးတယ်။ အနီးမှာရှိတဲ့ မြောက်ဒဂုံ ပင်လုံ အထူးကုဆေးရုံရဲ့ ပြတင်း ပေါက် မှန်တချို့ သေနတ်ကျည်ထိ ကွဲကြေသွားပါတယ်” ဟု ပြောဆိုသည်။
အဆိုပါ ပင်လုံအိမ်ရာတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ အမဖြစ်သူ နေထိုင်ပြီး နိုင်ငံခြားရေးဝန်ကြီးဦး၀ဏ္ဏမောင်လွင်၏ နေအိမ်၊ သာသနာရေးဝန်ကြီး ဦးကိုကိုတို့၏ နေအိမ်များ ရှိနေကြောင်း၊ စစ်ဗိုလ်ချုပ်ဟောင်း အများစုလည်း နေထိုင်ကြကြောင်း သိရှိရသည်။
CRD-SoneMhat