ရန်ကုန်၊ အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်း၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ရန်ငြိမ်းအောင်ကျေးရွာနှင့် ပန်းသာကျေးရွာကြား ဟတ်ကျိန်းတံတားအနီးတွင် အောက်တိုဘာလ ၁၄ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်၌ ပန်းသာကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီမှ လက်နက်တပ်ဆင်ကာ ဖွဲ့စည်းပေးထားသော ပျူစောထီးအဖွဲ့နှင့် တမူး PDF တပ်ရင်း (၃) အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီးအဖွဲ့မှ ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရပြီး ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
တိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ထံမှ သေနတ် ၂ လက်၊ ကျည်ဆံအချို့၊ ဆက်သွယ်ရေးစက် ၁ လုံး၊ ဖုန်း ၂ လုံးအား သိမ်းဆည်းရမိခဲ့ပြီး ၃ နာရီ ၅၀ ခန့်တွင် တိုက်ပွဲပြီးဆုံးကာ တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၃) မှ အထိအခိုက်မရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း PDF (Tamu) တပ်ရင်း ၃ မှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
Credit – Khit Thit Media