ရန်ကုန်၊ အောက်တိုဘာ ၁၈
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် အကြမ်း ဖက်စစ်တပ်ပိုင် မြန်မာဘီယာ၊ ဒဂုံဘီယာနှင့် Adman Gold ဘီယာများ တင်ဆောင်လာသော ၁၂ ဘီးတွဲကား ၃ စီးကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကောလင်း PDF က ဖမ်းဆီးလိုက်ပြီး ဘီယာများအားလုံးကို ဖျက်ဆီးလိုက်ကြောင်း ကောလင်း PDF က သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် KLPDF က ၁၂ ဘီးတွဲကားသုံးစီးအား စစ်ဆေးရာ စစ်ကောင်စီပိုင် Myanmar beerနှင့်Dagon beer ၊Adman Gold Beer များအပြည့်တင်လာသည်ကို ဖမ်းဆီးရမိသဖြင့် KLPDF နှင် Local PDF တို့ပူးပေါင်းပြီး စစ်ကောင်စီ၏ထုတ်ကုန်များကိုဖျက်ဆီးလိုက်ကြောင်း၊ ကားသမားများနှင့် ကားများကို ထိခိုက်မှုမရှိစေဘ လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
ထပ်မံ၍ စစ်ကောင်စီထုတ်ကုန်များအားလုံးကို အလျှဉ်းသင့်သလို ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ကောလင်း PDF က တရားဝင် သတင်းထုတ်ပြန်သည်။
Source – Khit Thit Media