(မာဝီ- အတွင်းရေးမှူး ၂- KNDF)
(၁၇ / ၅/၂၀၂၂)
ထိခိုက်ကျဆုံးမှူများလာနေတဲ့ စစ်ကောင်စီတပ်တွေဟာ လေကြောင်းအကူသာမပါဘူးဆိုရင် တော်လှန်ရေးတပ်တွေကို ထိပ်တိုက်ရင်ဆိုင် မတိုက်ရဲတော့ဘူးလို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော်-KNDF အတွင်းရေးမှူး ၂- မာဝီ ကပြောပါတယ်။
ခုခံတော်လှန်စစ် တနှစ်တာကာလအတွင်း ကရင်နီဒေသက တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့…
- ကရင်နီဒေသက တိုက်ပွဲများရဲ့ နောက်ဆုံးအခြေအနေ…
- စစ်ကောင်စီဖက်က အထိနာတဲ့ တိုက်ပွဲများ…
- KA, KNDF, PDF တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ…
- လွတ်မြောက်နယ်မြေ ဘယ်လောက်များများကို တော်လှန်ရေးတပ်တွေက ထိန်းချုပ် ထားနိုင်ပြီလဲ… စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(သိသာတဲ့ အပြောင်းအလဲဖြစ်လာအောင် တော်လှန်စစ်ကို ဘယ်လိုအရှိန်မြှင့်သင့်သလဲ- အကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။ - (အင်တာဗျုးများကြည့်ပြီးပါက ဒီ youtube ချာနယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)
BNN