နေပြည်တော် နယ်မြေ ပမန မြိုနယ် ဘို့မလမ်းဆုံရှိ စခ စခန်းကို 5.10.21 ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စခ ဗိုလ်ကြီး အဆင့် တစ်ဦး အပါအဝင် အနည်းဆုံး 4 ဦး ကျဆုံး၍ စခ အများအပြား ဒဏ်ရာရရှိကြောင်း ကနဦးသိရှိရပါတယ်။
- စစ်ဆင်ရေး ဆင်နွဲခံရသော စခ စခန်းသည် အထက် အောက် နှစ်ဆင့်ရှိပြီးတိုက်ပွဲဖြစ်ချိန်တွင် မိုး သည်းထန်စွာ ရွာသွန်းခြင်းကြောင့် အောက်စခန်းကို အပြီးအပြတ် ချေမှုန်းနိုင်ခဲ့သော်လည်းအထက်စခန်းကို မချေမှုန်းနိုင်ခဲ့ပေ။ အဆိုပါတပ်ရင်းနံပါတ်မှာ ၄၁၁ ဖြစ်ကြောင်းသိရပါတယ်။
- ယခုအခါ PDF များ အထိအခိုက် အကျအဆုံး တစ်စုံတစ်ရာမရှိပဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။
- ၎င်းစစ်ဆင်ရေးနှင့် တစ်ချိန်တည်းမှာပဲ နေပြည်တော် လယ်ဝေး မြို့နယ် ကြာကန် စစ်ဆေးရေးဂိတ်လည်း ဝင်ပစ်ခံရပြီး စခ/ရခများ ဒဏ်ရာရရှိကြောင်းသိရပါတယ်။
- ဤသတင်းကို “ စစ်မိစ္ဆာစခများကို မတိုက်ရတဲ့နေ့ ပြည်သူကကျွေးသော ထမင်းစားရတာ ရှက်သည် ” ဟုကြွေးကြော်သော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ နပတ PDF ထံမှ သတင်းရရှိပါတယ်။
YIT/Oct6Coup