ရန်ကုန်၊ အောက်တိုဘာ ၂
ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံးကို တောင်ကိုရီးယားတွင် အောက်တိုဘာလ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်လျက်ရှိကြောင်း သိရှိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ NUG ကိုယ်စားလှယ်အဖြစ် ဦးရန်နိုင်ထွန်းက ဆောင်ရွက်ပြီး ချက်နိုင်ငံတွင်လည်း NUG ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် ရုံးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း သိရှိရသည်။



“ ရုံး အဖွဲ့ ကြေညာပြီးပါပြီ။ ဖွင့်ပွဲတော့ မလုပ်ဖြစ်သေးပါဘူး” ဟု NUG ၏ ချက်နိုင်ငံကိုယ်စားလှယ် ဦးလင်းသန့်ကဆိုသည်။


Credit – Khit Thti Media