၆ နိုဝင်ဘာ ၂၀၂၁
ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ RSF က နှစ်စဥ်ပေးအပ်တဲ့ သတင်းလွတ်လပ်ဆုတွေအတွက် နောက်ဆုံးအဆင့်ရွေးချယ်အဆိုပြုထားတဲ့အထဲမှာ မြန်မာနိုင်ငံက မကေဇွန်နွေးပါဝင်ကြောင်း RSF က သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် အတွက် ပေးအပ်မယ့် သတင်းလွတ်လပ်ခွင့်ဆုအမျိုးအစား တွေထဲက တခုဖြစ်တဲ့ သတ္တိရှင်သတင်းသမားဆုအတွက် မြန်မာနိုင်ငံက မကေဇွန်နွေးနဲ့အတူ အကျဉ်းကျနေတဲ့ တရုတ်အမျိူးသမီးသတင်းထောက် Zhang Zhan၊ မြောက်ပိုင်းအိုင်ယာလန်က အမျိုးသမီးသတင်းထောက် Patricia Devlin နဲ့ နီကာရာဂွါက အပတ်စဉ်ထုတ် Confidencial သတင်းဌာနတို့ ကို နောက်ဆုံးအဆင့် အဆိုပြုထားတာပါ။ ဆုရရှိသူအမည်စရင်းကိုတော့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေငြာမယ်ဆိုပါတယ်။
မကေဇွန်နွေးဟာ Myanmar Now အွန်လိုင်းသတင်းဌာနက သတင်းထောက်တဦးဖြစ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေကို လိုက်ပါရိုက်ကူးသတင်းလုပ်နေချိန် ဖေဖေါ်ဝါရီ ၂၇ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။ အင်းစိန်ထောင်ထဲမှာ တိုက်ပိတ်ခံခဲ့ရပြီး ဇွန်လထဲမှာ ပြန်လည်လွတ်မြောက်လာသူဖြစ်တယ်လို့ RSF သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
BNN