၂၃ အောက်တိုဘာ ၂၀၂၁
ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Tom Andrews က မြန်မာ့အရေးနဲ့ပတ်သက်လို့ ရှင်းလင်းတင်ပြဖို့ရှိနေပါတယ်။ အဓိက အချက် ၃ ချက်ကို တင်ပြမယ်လို့ Ton Andrews က သူ့ရဲ့တွစ်တာမှာ အကျဉ်းချုပ် အသိပေးဖေါ်ပြထားပါတယ်။
သူပြောမယ့်အဓိကအချက်တွေကတော့
၁) အာဏာသိမ်းစစ်တပ်ကို ဖြတ် ၃ ဖြတ်လုပ်ဖို့( ငွေကြေး လက်နက်နဲ့ အသိအမှတ်ပြုမှု)
၂) စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရာဇဝတ်မှုတွေကျူးလွန်ဖို့ပြင်ဆင်နေတာကို နိုင်ငံတကာက တားဆီးဖို့ နဲ့
၃) ဒီမိုကရေစီနဲ့အမှန်တရားအတွက်တိုက်ပွဲဝင်နေသူတွေကို နိုငိငံတကာက ဂရုမစိုက်ဘူးလို့ မြန်မာပြည်သူတွေက ထင်မြင်နေတာမို့ နိုင်ငံတကာအနေနဲ့ ဂရုစိုက်အာရုံထားကြောင်းပြသဖို့လိုနေပြီ ဆိုတဲ့အချက်တွေဖြစ်ပါတယ်။
BNN