ရန်ကုန်၊ အောက်တိုဘာ ၁၅
စစ်ကောင်စီက မတရားအမှုဆင် ဖမ်းဆီးထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အမှုများကို စစ်ကောင်စီလက်အောက်ခံတရားရုံးတွင် စစ်ဆေးလျက်ရှိနေချိန် အမှုအခြေအနေများကို ပြင်ပသို့ ပြောဆိုခြင်း မပြုရန် ရှေ့နေဦးခင်မောင်ဇော်ကို စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန် တားမြစ်လိုက်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် စစ်ကောင်စီ၏ လက်ပါးစေ ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြန်၍ နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးခင်မောင်ဇော်ကို အမှုအခြေအနေများကို မပြောရန် တားမြစ်မိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါတားမြစ်မိန့်တွင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်သည် သတင်း ဌာနများနှင့်ဆက်သွယ်၍ သက်သေများ၏ ရုံးရှေ့ထွက်ဆိုချက်များ၊ စွပ်စွဲခံရသူများ၏ ထွက်ဆိုချက်များကို ထုတ်ပြန်ပြောဆိုလျက်ရှိကြောင်း၊ ထိုသို့ ဆက်သွယ်ပြောဆိုချက်များသည် ဥပဒေနှင့်အညီ ဆောင်ရွက်ရသော ပုဂ္ဂိုလ်တစ်ဦးဦးအား နှောင့်ယှက်မှု သို့မဟုတ် ထိခိုက်နာကျင်ဆုံးရှု့းမှု၊ အများပြည်သူများတို့၏ ငြိမ်ဝပ်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှုတို့ကို ဖြစ်ပေါ်စေနိုင်သဖြင့် တားမြစ်မိန့်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု အကြောင်းပြထားသည်။
Source – Khit Thit Media