နေပြည်တော်၊ အောက်တိုဘာ(၁၂)ရက်
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ယနေ့နေ့လည် တွေ့ဆုံရန်စီစဉ်ထားသည့် USDP ပါတီအပါအဝင် နိုင်ငံရေးပါတီအချို့နှင့် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်တို့တွေ့ဆုံပွဲ မလုပ်ဖြစ်တော့ကြောင်း ပါတီအချို့ကပြောသည်။
USDP ပါတီပြောရေးဆိုခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က “ ဒီမနက်မှာပဲ UEC က ကျွန်တော်တို့ကိုအကြောင်းကြားပါတယ်။ ဒီနေ့မတွေ့ဖြစ်တော့ဘူး တွေ့ဆုံဖြစ်မယ့်အချိန်ကို နောက်ပြန်ပြောမယ် “ ဟုပြောသည်။
တွေ့ဆုံရန်စီစဉ်ထားသည့် နိုင်ငံရေးပါတီများထဲတွင် ရခိုင်ဦးဆောင်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ပါဝင်သည်။
Credit – Popular News