ရန်ကုန်၊ ဒီဇင်ဘာ ၂၁
နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၊ ပြည်ထောင်ကိုးကျေးရွာအုပ်စု၊လက်ဖက်တောင်ကျေးရွာအနီး စစ်ကားနှစ်စီးကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နေပြည် တော် PDF က မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးကြောင်း နေပြည်တော်PDF က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၀ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်စစ်ဒေသခွဲ PDF တပ်ရင်း (၈၀၂)၊ တပ်ခွဲ(၅)က မိုင်းငါးလုံးဖြင့် ဆိပ်ဖူးတောင်ဖက်မှ လာသော စစ်ကား ၂ စီးကို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက် မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ကားတစ်စီး ချောက်ထဲကျကာ စစ်သား ၁၂ ဦးထက်မနည်းသေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်ကြောင်း NPTPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။