ကြေညာချက်အမှတ် (၀၄/၂၀၂၁)
၁၃၈၃ ၊ ခုနှစ် ၊ တော်သလင်းလဆုပ်(၁၃) ၊ တနင်္ဂနွေနေ့
အောက်တိုဘာလ(၃)ရက် ၊ ၂၀၂၁ ခုနှစ်
မန္တလေးအခြေစိုက် သံဃာ့သမဂ္ဂအဖွဲ့အား အာဏာသိမ်းစစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွင်းခြင်းအပေါ် ပြင်းထန်စွာရှုပ်ချကြောင်း သဘောထားကြေငြာချက်!
(၁) မြန်မာနွေဦးတော်လှန်ရေးတွင် ရှေ့တန်းကနေ ရဲဝင့်တက်ကြွစွာ ဦးဆောင်တိုက်ပွဲဝင်နေကြသော မန္တလေးအခြေစိုက် သံဃာ့သမဂ္ဂအဖွဲ့အား အာဏာသိမ်းစစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွင်း၊ ဖမ်းဆီးခြင်းများအပေါ် မိမိတို့နွေဦးတော်လှန်ရေး သံဃာ့ကွန်ရက်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။

(၂) အခြေခံလူ့အခွင့်အရေးများဖြစ်သော လွတ်လပ်စွာပြောဆိုခွင့်နှင့်ဆန္ဒထုတ်ဖော်ခွင့်တို့အား လေးစားလိုက်နာခြင်းမရှိ၊ အပြစ်မဲ့ မန္တလေးသံဃာ့သမဂ္ဂသံဃာတော်များများနှင့်ပြည်သူများအပေါ် တရားဥပဒေမဲ့လုပ်ရပ်များအား မိမိတို့နွေဦးတော်လှန်ရေး သံဃာ့ကွန်ရက်က ပြင်းထန်စွာကန့်ကွက်ရှုပ်ချသည်။
(၃) ယဉ်ကျေးသော လူ့ဘောင်အဖွဲ့အစည်းနှင့် ဒီမီုကရေစီစနစ်မှန်သမျှရိုက်ချိုးနေကြသော အာဏာရူးစစ်မိစ္ဆာတို့အား မြန်မာ့မြေပေါ်မှ အပြီးတိုင်မောင်းထုတ်နိူင်ရေးအတွက် မန္တလေးသံဃာ့သမဂ္ဂညီနောင် သံဃာတော်များနှင့်အတူ မိမိတို့နွေဦးတော်လှန်ရေး သံဃာ့ကွန်ရက်အဖွဲ့ကြီးမှလည်း မဆုတ်မနစ်၊ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
အရေးတော်ပုံအောင်ရမည်။ အာဏာရှင်စနစ်အမြန်ကျဆုံးစေရမည်။
ဖက်ဒရယ်ဒီမီုမီုကရေစီစနစ်ထွန်းကားလာစေရမည်။