ပူတာအို-PDF မှ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေတဲ့ ပူတာအိုသို့ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် မနက်ဖြန်ရောက်လာမည်
၂ ၊ ၁၀ ၊ ၂၀၂၁ ။ အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကချင်ပြည်နယ် ပူတာအိုသို့ မနက်ဖြန် အောက်တိုဘာလ (၃) ရက်နေ့ လာရောက်မည်ဖြစ်ကြောင်း မပခနှင့် နီးစပ်သူတစ်ဦးမှ NBung Dat Kasa သို့ ပြောဆိုသည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ယနေ့ အောက်တိုဘာလ (၂) ရက်နေ့ ပူတာအိုသို့ ရောက်ရှိနေပြီး ပူတာအိုအခြေစိုက် ခလရ (၄၆) တပ်များနှင့် ပြင်ဆင်မှုများပြုလုပ်နေကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။

အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်သွားရောက်မည့် ပူတာအိုတွင် တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ပူတာအို-PDF မှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သော စက်တင်ဘာလ (၁၉) ရက်နေ့တုန်းကလည်း အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ပူတာအိုသို့ သွားရောက်ရန် စီစဉ်ခဲ့ပေမယ့် KIA တပ်မဟာ (၁) မှ ၎င်း၏လုံခြုံရေးတပ်ဖွဲ့များအား သွားလာခွင့်မပြုသဖြင့် ခရီးစဉ်ဖျက်သိမ်းခဲ့သေးသည်။
Credit – NBungDatKasa