မန္တလေး၊ ဇန်နဝါရီ ၁၇
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်အတွင်းရှိ မန္တလေး ဗဟိုအကျဉ်းထောင် (အိုးဘို)တွင် ယမန် နေ့ညနေပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ဂိတ်အစောင့်ကျ စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ ညနေ ၆ နာရီခွဲခန့်က အကျဉ်းဦးစီးဌာန သင်တန်းကျောင်း မြောက်ဘက်အပေါက်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် စကစ ၃ယောက်ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတဦးကပြောသည်။
” အစောင့် စကစ ၃ယောက်ထိတယ် ဒဏ်ရာကတော့ သိပ်မစိုးရိမ်ရဘူးလို့တော့ကြားတယ်။ ပေါက်ကွဲပြီးနောက်မှ ပစ်ခတ်သံတွေလည်းကြားရတယ် ” ဟု ၎င်းကပြောသည်။
ယင်းသို့ ဗုံးထုတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ ကမှ ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးပေ။
Burma Associated Press