မဲခေါင်၊ အောက်တိုဘာ ၁၁
မန္တလေးတိုင်း၊ မလှိုင်မြို့နယ် ထွေအုပ်ရုံးအနီးရှိ မုန့်ဟင်းခါးဆိုင်ကို ယနေ့ အောက်တိုဘာလ ၁၁ရက် နံနက် ၈နာရီကျော်ခန့်က သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ မြို့နယ်စီမံကောင်စီ ဥက္ကဌ ကျော်ငြိမ်း သေနတ် ၉ချက် ထိမှန်ကာ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။
မလှိုင်ထွေအုပ်ရုံးရှေ့ရှိ မုန့်ဟင်းခါးဆိုင်ကို လက်နက်ကိုင်တစ်ဦးက ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး မြို့နယ်စီမံကောင်စီဥက္ကဌ ကျော်ငြိမ်း၊ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးတို့ သေနတ်ထိမှန်သွားကြောင်း မလှိုင်ဒေသခံတစ်ဦးက ပြောသည်။
“ကျော်ငြိမ်းကတော့ ၉ချက်ထိပြီးသေပြီ။ ကျန်တဲ့ ၂ယောက်ကတော့ သိပ်ပြီးမစိုးရိမ်ရဘူး” ဟု ၎င်းက ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မလှိုင်မြို့တွင် လုံခြုံရေးများ တင်းကြပ်နေကြောင်း သိရသည်။
Credit – MeKongNews