မုံရွာ၊ ဇန်နဝါရီ ၂၀၊ ၂၀၂၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဇန်နဝါရီ ၁၉ ရက် မနေ့ကမနက်ပိုင်းကစလို့ ညနေပိုင်းအထိ ဗုံးပေါက်ကွဲမှု ၁၅ ကြိမ်ရှိခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ မနက်ပိုင်းမှာ ဘိုးဘွားရိပ်သာ နဲ့စက်မှု ခန်းမ တို့မှာ ၂ ကြိမ်စီဖောက်ခွဲခဲ့ကာ၊ စက်မှုစခန်းနဲ့မြို့ပတ်လမ်းတို့မှာ ၁ ကြိမ်စီဖောက်ခွဲခဲ့တယ်လို့သိရပြီး ညနေပိုင်းမှာမိုးကောင်းမှာည ၃ ကြိမ်ဖောက်ခွဲခဲ့ပြီး ဘိုးဘွားရိပ်သာအဝိုင်းပတ်၊ ဇရပ်ဝိုင်းအနီး၊ နာရီစင် အနီး၊ ချင်းတွင်းမြင့်ဟိုတယ်ရှေ့၊ ဆည်မြောင်းရုံးနဲ့စီးပွားရေးဘဏ်အနီးတို့မှာ ၁ ကြိမ်စီ ဗုံးဖောက်ခွဲခဲ့ကြောင်းပူပေါင်းအဖွဲ့မှာ ပါဝင်တဲ့ Monywa Nightking အဖွဲ့ထံကသိရပါတယ်။

“ ကျနော်တို့ဖောက်ခွဲရတဲ့အကြောင်းကတော့ မုံရွာပြည်သူတွေကိုအသွားအလာတွေပိတ်တယ်၊ ကျနော်တို့ ၁၁ နာရီမှာဖောက်ခွဲရတဲ့အကြောင်းအရင်းကတော့ လယ်ဇင်နယ်မြေမှာ အကြမ်းဖက်စစ်တပ်က မတရားဖိနေတဲ့အတွက် အဲဒီဘက်ကိုမဖိနိုင်အောင်လို့အတတ်နိုင်ဆုံး ပြန်ကြွပေးရတယ်၊ ရဲဘော်ရဲဘက်တွေကလည်းအများဆုံးကူညီခဲ့ကြတယ်၊” သံမဏိ-Force MPDFမှ ဗိုလ်အောက်ဆွဲ ကပြောပါတယ်။
ဖောက်ခွဲမှုများတွင် အများပြည်သူလူထုထိခိုက်မှုမရှိခဲ့ကြောင်း ရဲဘော်များလည်း ဘေးကင်းစွာပြန်လည် ဆုတ်ခွါနိုင်ကြောင်း ၎င်းကဆက်လက်ပြောပါတယ်။
အဲဒီဖောက်ခွဲမူတွေကို Monywa NightKing, ACF Monywa,Monywa Ninja, မုံရွာသံမဏိတပ်ဖွဲ့မှ ဗိုလ်အောက်ဆွဲ, Monywa The Boys နဲ့ Monywa Phoenix Warrior တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ စုပေါင်းကြေညာချက်ထုတ်ပြန်ထားပါတယ်။
MyaylattVoice